
Premier League ရဲ့ ရာသီသစ် အဖွင့်ပွဲစဉ်များ
Premier League ရဲ့ ရာသီသစ် အဖွင့်ပွဲစဉ်တွေ ဒီနေ့စတင်တော့မှာဖြစ်လို့ ပရိသတ်တွေကြား ရင်ခုန်သံတွေ ဆူညံနေပြီး အသင်းကြီးတွေရဲ့ အသင်းလူစာရင်း အပြောင်းအလဲများ နဲ့ ဒဏ်ရာရကစားသမား အခြေအနေတွေက တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒီနေ့မနက်အစောမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ Arsenal နဲ့ Coventry ပွဲစဉ်မှာတော့ Arsenal က 3:0 ဆိုတဲ့ ရလာဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနေ့ညနေကနေစပြီး ကျန်ရှိနေတဲ့ ပွဲစဉ်တွေ ဆက်လက်ကစားသွားတော့မှာပါ။ Hull City နဲ့ Manchester United တို့ MKM Stadium မှာ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲမှာတော့…










