ReviewRoma ကို comeback နိုင်ပွဲရယူအပြီး Manchester United အတွက် စိုးရိမ်စရာဖြစ်လာခဲ့တဲ့ Carlos Baleba ရဲ့ ဒဏ်ရာ
Roma ကို အနိုင်ရယူပြီး အံ့ဖွယ် comeback ဖန်တီးနိုင်ခဲ့တာကြောင့် Manchester United တို့ သက်ပြင်းချနိုင်ခဲ့ပေမဲ့ Carlos Baleba ရဲ့ ဒဏ်ရာပြဿနာကတော့ အသင်းအတွက် မေးခွန်းထုတ်စရာ ကြီးမားစွာ ကျန်ရစ်ခဲ့ပါတယ်။ ဒီ ကွင်းလယ်ကစားသမား ဟာ ပေါင်နောက်ကျော ဒဏ်ရာကြောင့် လူစားလဲ ထွက်ခွာခဲ့ရတာဖြစ်ပြီး နည်းပြ Michael Carrick ရဲ့ ပထမဆုံး သုံးသပ်ချက်ကလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ "အစောပိုင်း စစ်ဆေးချက်တွေအရတော့ အခြေအနေက သိပ်မကောင်းလှပါဘူး" လို့ နည်းပြက ဖွင့်ဟခဲ့တာပါ။ ဒုတိယပိုင်း တိုက်စစ်ဆင်မှု တစ်ခုမှာ Carlos Baleba ဟာ Roma ရဲ့…
