၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့အတွက် Final Third Zone (FTZ) မှ စုစည်းတင်ပြလိုက်သည့် ထူးခြားသော Premier League သတင်းများ ဖြစ်ပါတယ်။
၁။ Manchester United ဆီ Hall ပြောင်းရွှေ့ဖို့ အလားအလာကောင်းတွေ ပေါ်ပေါက်လာသလို Arsenal ကလည်း Quansah ကို ခေါ်ယူချင်နေပြီး Chelsea ဘက်ကတော့ ပေါင် ၅၁ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။
၂။ Tottenham ကနေ ထွက်ခွာဖို့ ကာလရှည်ကြာ ကြိုးပမ်းခဲ့တဲ့ အာဂျင်တီးနား ခံစစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လည်ရောက်ရှိလာပြီးနောက် Atletico Madrid ဆီ ပြောင်းရွှေ့သွားခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။