Transfer၂၀၃၂ ထိရှိမယ့် စာချုပ်သစ်ကြောင့် Arsenal နဲ့ ကောလဟာလတွေအဆုံးသတ်ပြီ
Vinícius Júnior ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ Real Madrid အသင်းနဲ့အတူ ၂၀၃၂ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမည့် ခြောက်နှစ်စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီး ကလပ်မှာ ဆက်လက် ရှိနေတော့မှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာကတော့ အထူးသဖြင့် သူ့ရဲ့ စာချုပ်နောက်ဆုံးနှစ် ကို ရောက်ရှိလာချိန်မှာ အခွင့်အရေးရယူဖို့ စောင့်ကြည့်နေခဲ့တဲ့ Arsenal အသင်းနဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် ရဲ့ လှုပ်ရှားမှုတွေ အပြီးမှာပါပဲ။ ဒီ Brazil တောင်ပံကစားသမား ဟာ ၂၀၁၈ ခုနှစ်…
