
ဇူလိုင် ၂၉ ရက် ပရီးမီးယားလိဂ် သတင်းအကျဉ်းချုပ်
ဇူလိုင် ၂၉ ရက်နေ့အတွက် Final Third Zone (FTZ) မှ စုစည်းတင်ပြလိုက်သည့် ထင်ရှားသော Premier League သတင်းများ ၁။ Jack Grealish သည် Manchester City ၏ ရာသီကြို ခရီးစဉ် လူစာရင်းတွင် မပါဝင် ခြေထောက်ဒဏ်ရာမှ ပြန်လည်သက်သာလာစေရန် ဆောင်ရွက်နေရသည့် Jack Grealish သည် အာရှသို့သွားရောက်မည့် Manchester City ၏ ရာသီကြို ခရီးစဉ်အတွက် အသင်းလူစာရင်းတွင် ထည့်သွင်းခြင်း မခံခဲ့ရပေ။ (ESPN FC) ၂။ ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် Lucas Bergvall ၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ Roberto De Zerbi ၏ သတင်းစကား လူငယ်ကြယ်ပွင့်က ၎င်း၏…