
Real Betis နှင့် ရင်ဆိုင်ရမည့်ပွဲအတွက် အသင့်ပြင်ဆင်နေတဲ့ Gabriel Martinelli နှင့် Arsenal
Arsenal အသင်းအတွက်တော့ ရာသီသစ်မစတင်ခင် ပြင်ဆင်မှုအပိုင်းမှာ ဖိအားတွေနဲ့အတူ စိန်ခေါ်မှုတွေက ပိုမိုမြင့်တက်လာနေပြီ ဖြစ်ပါတယ်။ Dublin မြို့က Aviva Stadium မှာ Real Betis နဲ့ ကစားရမယ့် ရာသီကြို ခြေစမ်းပွဲ ဟာ Mikel Arteta ရဲ့ အသင်းအတွက် Girona ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က ရရှိခဲ့တဲ့ momentum ကို ဆက်လက်ထိန်းသိမ်းသွားဖို့ အရေးကြီးတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဘရာဇီးလ်ကြယ်ပွင့်တွေဖြစ်တဲ့ Gabriel Martinelli နဲ့ Gabriel Magalhães တို့ဟာ ဒီနွေရာသီရဲ့ ပထံဆုံးပွဲဦးထွက်အဖြစ် ပါဝင်ကစားဖို့ အသင့်ဖြစ်နေပါပြီ။…