
Aston Villa မှ Emiliano Martinez ကို ခေါ်ယူရန် Chelsea သဘောတူညီမှုရရှိ
Chelsea အသင်းဟာ Aston Villa ရဲ့ ဂိုးသမား Emiliano Martinez ကို ပေါင် ၇.၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး အပြောင်းအရွှေ့ စျေးကွက် ထဲမှာ တကယ့်ကို လှုပ်ခတ်သွားစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါပြီ။ အသက် ၃၃ နှစ်အရွယ် Argentina လက်ရွေးစင် ဂိုးသမားဟာ Villa Park ကို ကျောခိုင်းပြီး Stamford Bridge ဆီ ပြောင်းရွှေ့တော့မှာဖြစ်လို့ Aston Villa မှာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ ၆ နှစ်တာ ဖြတ်သန်းမှုကို အဆုံးသတ် တော့မှာ ဖြစ်ပါတယ်။ Emiliano Martinez ဟာ သက်တမ်းတိုးခွင့် အပါအဝင် နှစ်နှစ်စာချုပ် လက်မှတ်ရေးထိုး ဖို့…