Transferအနာဂတ်အတွက် ဆုံးဖြတ်ချက်ချရမယ့် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ Giorgi Mamardashvili
Liverpool အသင်းဟာ ဂိုးသမား အပြောင်းအလဲ အခြေအနေတွေကို ဖြေရှင်းနေရချိန်မှာ တကယ့်ကို အရေးကြီးတဲ့ အလှည့်အပြောင်းနဲ့ ရင်ဆိုင်နေရပါတယ်။ Alisson Becker ရဲ့ စာချုပ်က နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့ Liverpool အသင်းဟာ အနာဂတ်အတွက် အဆုံးအဖြတ်ပေးရမယ့် အနေအထားမှာ ရှိနေပါတယ်။ Alisson ဟာ Liverpool သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် ချီးကျူးခံရလေ့ရှိပြီး ၂၀၁၈ ခုနှစ်က ပေါင် ၆၆.၈ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပါဝင်ပတ်သတ်မှု တွေက တန်ဖိုးဖြတ်လို့မရပေမဲ့ အသက် ၃၄ နှစ် ပြည့်တော့မယ့် အဆိုပါ ဘရာဇီးလ်လူမျိုး…






































