Transfer2016-17 မှာ Chelsea ဟာ စည်းမျဉ်းချိုးဖောက်ပြီး Champion ဖြစ်ခဲ့တာကြောင့် ဒုတိယနေရာက Tottenham ကို ဖလားပြန်လွဲပေးသင့်တယ်လို့ Pochettino ပြောဆို
Chelsea ရဲ့ ၂၀၁၆-၁၇ ရာသီ Premier League ချန်ပီယံဆုအပေါ် အငြင်းပွားမှုတွေကတော့ တကယ့်ကို ပြင်းထန်လှုပ်ခတ်လို့ လာခဲ့ပါပြီ။ အဲဒီရာသီက Chelsea အသင်းရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် ဒုတိယရရှိခဲ့တဲ့ Tottenham Hotspur ကိုသာ ချန်ပီယံဆု ပေးအပ်သင့်တယ်လို့ နည်းပြချုပ် Mauricio Pochettino က ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပါတယ်။ အဲဒီရာသီတုန်းက Chelsea ဟာ Tottenham Hotspur ထက် ၇ မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့ပေမဲ့ နောက်ကွယ်မှာတော့ လျှို့ဝှက်ငွေပေးချေမှုတွေ အကြီးအကျယ် ရှိခဲ့တာပါ။ အပြောင်းအရွှေ့ ကာလအတွင်းမှာ…