Transferနည်းပြချုပ် အပြောင်းအလဲ အများဆုံးဖြစ်လာပြီး လှုပ်ခတ်လာတဲ့ Premier League အပြောင်းအရွှေ့ စျေးကွက်
Premier League ဟာ နည်းပြလောကရဲ့ မကြုံစဖူး တုန်လှုပ်ချောက်ချားစရာ အပြောင်းအလဲ ကာလသစ်တစ်ခုထဲကို ဝင်ရောက်လို့ လာနေပါပြီ။ လာမယ့် ၂၀၂၆-၂၇ ရာသီသစ် ပွဲစတင် ချိန်မှာတင် ကလပ်အသင်း ၂၀ ထဲက ၉ သင်းအထိဟာ ပြီးခဲ့တဲ့ရာသီကို အဆုံးသတ် ခဲ့တဲ့ နည်းပြတွေ မဟုတ်ဘဲ နည်းပြသစ်တွေနဲ့ ပွဲထွက်လာကြတော့မှာ ဖြစ်ပါတယ်။ ဒီလို အကြီးအကျယ် ပြောင်းလဲမှုမျိုးဟာ သမိုင်းတစ်လျှောက်မှာ ၁၈၈၈-၈၉ နဲ့ ၁၉၄၆-၄၇ ဆိုတဲ့ ထူးခြားဆန်းပြားတဲ့ အခြေအနေတွေအောက်က ရာသီနှစ်ခုမှာပဲ ဖြစ်ပွားခဲ့ဖူးတာပါ။ ဒီနွေရာသီရဲ့ နည်းပြအပြောင်းအလဲ ဂယက်ဟာ ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေမျိုး…